ရွန်ဆန် (မြန်မာ) ကုမ္ပဏီလီမိတက်
အဝတ်အထည်လုပ်ငန်း၏ အမြဲတစေ နိမ့်ပါးသည့် လုပ်ခလစာကြောင့် အထည်ချုပ် အလုပ်သမား များသည် မည်သည့်စုဆောင်းထားနိုင်ခြင်းမှ မရှိဘဲ ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ရင်ဆိုင်ကြရသည်။ အဝတ်အထည်တင်ပို့သည့် နိုင်ငံများ၏ အစိုးရအများစုသည် အလုပ်လက်မဲ့ခံစားခွင့်များကို အနည်းငယ် သို့ လုံးဝ ပေးခြင်းမရှိသောကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အထည်ချုပ်အလုပ်သမ နှင့် သူမ၏ မိသားစု ဆင်းရဲတွင်းသို့ ချက်ချင်းရောက်မည့် အဖြစ်တွင် တစ်ခုတည်းသော ကြားခံမှာ အထည်ချုပ်အလုပ်သမားအများစု ခံစားခွင့်ရှိသည့် အလုပ်ရပ်ဆိုင်းခံရပါက ဥပဒေပါ မဖြစ်မနေ ပေးရမည့် လျော်ကြေးငွေဖြစ်သည်။
Worker Rights Consortium (WRC) ၏ သုတေသနအရ ကပ်ရောဂါကာလအတွင်း အလုပ်ဖြုတ် ခံရသည့် အထည်ချုပ်အလုပ်သမား အများစုသည် ဤလိုအပ်သည့် လျော်ကြေးငွေ အချို့ သို့ အကုန်လုံးမရရှိခြင်းသည် ၎င်းတို့ ချုပ်ပေးနေသည့် အဝတ်အထည်များ၏ အဝတ်အထည် အမှတ် တံဆိပ်များ နှင့် လက်ကားရောင်းချသူများက လေးစားလိုက်နာရမည့် ဥပဒေနှင့် အလုပ်သမား အခွင့်အရေးများကို ချိုးဖောက်ခြင်းေကြာင့်ဖြစ်သည်။
ရွန်ဆန် အထည်ချုပ် စက်ရုံသည် WRC ၏ အစီရင်ခံစာက ဖော်ထုတ်ခဲ့သည့် တင်ပို့ အထည်ချုပ်စက်ရုံ ၃၁ရုံများမှ တစ်ခုဖြစ်ပြီး အလုပ်ဖြုတ်ပြီး လုယက်ခြင်း: ဖက်ရှင်တံဆိပ်များ၏ ကိုဗစ်-၁၉ကာလ အတွင်း လုပ်ခလစာခိုးယူမှု ပါဝင်ကျူးလွန်မှုတွင် ဧပြီလ ၂၀၂၁ခုနှစ်အရ အလုပ်သမားများသည် ဥပဒေပါအတိုင်း မဖြစ်မနေပေးရမည့် လျော်ကြေးငွေကို မရရှိသေးပေ။
မေလ ၂၀၂၀ခုနှစ်တွင် ရွန်ဆန် အထည်ချုပ် စက်ရုံသည် စက်ရုံပိတ်သိမ်းရာတွင် အလုပ်သမား ၁၀၁ယောက်အား အလုပ်ဖြုတ်ခဲ့သည်။ ဧပြီလ ၂၀၂၁ခုနှစ်အရ ထိုအလုပ်သမားများသည် ဥပဒေပါအရ ရပိုင်ခွင့်ရှိသည့် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၇၀၀၀ ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
ရွန်ဆန် (မြန်မာ) ကုမ္ပဏီလီမိတက်သည် ဘလောက် နံပါတ် ၂၆၊ မြေတိုင်းရပ်ကွက် နံပါတ် (၁)၊ စက်မှုဇုံ ၁၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ရန်ကုန်တိုင်း၊ မြန်မာတွင် တည်ရှိသည့် တရုတ်ပိုင် သားရေ ကုန်ပစ္စည်းများ ထုတ်သည့် စက်ရုံဖြစ်သည်။ အလုပ်သမားများ၏ ပြောပြချက်အရ Vera Bradley၊ Kohl’s နှင့် Elie Tahari မှ လိုင်စင်ရထားသည့် Westport တို့အား ထုတ်လုပ်သည်။
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.