မြန်မာ ရွိုင်ရယ် အပိုလို အထည်ချုပ် စက်ရုံ
အဝတ်အထည်လုပ်ငန်း၏ အမြဲတစေ နိမ့်ပါးသည့် လုပ်ခလစာကြောင့် အထည်ချုပ် အလုပ်သမား များသည် မည်သည့်စုဆောင်းထားနိုင်ခြင်းမှ မရှိဘဲ ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ရင်ဆိုင်ကြရသည်။ အဝတ်အထည်တင်ပို့သည့် နိုင်ငံများ၏ အစိုးရအများစုသည် အလုပ်လက်မဲ့ခံစားခွင့်များကို အနည်းငယ် သို့ လုံးဝ ပေးခြင်းမရှိသောကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အထည်ချုပ်အလုပ်သမ နှင့် သူမ၏ မိသားစု ဆင်းရဲတွင်းသို့ ချက်ချင်းရောက်မည့် အဖြစ်တွင် တစ်ခုတည်းသော ကြားခံမှာ အထည်ချုပ်အလုပ်သမားအများစု ခံစားခွင့်ရှိသည့် အလုပ်ရပ်ဆိုင်းခံရပါက ဥပဒေပါ မဖြစ်မနေပေးရမည့် လျော်ကြေးငွေဖြစ်သည်။
Worker Rights Consortium (WRC) ၏ သုတေသနအရ ကပ်ရောဂါကာလအတွင်း အလုပ်ဖြုတ် ခံရသည့် အထည်ချုပ်အလုပ်သမား အများစုသည် ဤလိုအပ်သည့် လျော်ကြေးငွေ အချို့ သို့ အကုန်လုံးမရရှိခြင်းသည် ၎င်းတို့ ချုပ်ပေးနေသည့် အဝတ်အထည်များ၏ အဝတ်အထည် အမှတ် တံဆိပ်များ နှင့် လက်ကားရောင်းချသူများက လေးစားလိုက်နာရမည့် ဥပဒေနှင့် အလုပ်သမား အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သည်။
မြန်မာ ရွိုင်ရယ် အပိုလို အထည်ချုပ် စက်ရုံသည် WRC ၏ အစီရင်ခံစာက ဖော်ထုတ်ခဲ့သည့် တင်ပို့ အထည်ချုပ်စက်ရုံ ၃၁ရုံများမှ တစ်ခုဖြစ်ပြီး အလုပ်ဖြုတ်ပြီး လုယက်ခြင်း: ဖက်ရှင်တံဆိပ်များ၏ ကိုဗစ်-၁၉ကာလအတွင်း လုပ်ခလစာခိုးယူမှု ပါဝင်ကျူးလွန်မှုတွင် ဧပြီလ ၂၀၂၁ခုနှစ်အရ အလုပ်သမားများသည် ဥပဒေပါအတိုင်း မဖြစ်မနေပေးရမည့် လျော်ကြေးငွေကို မရရှိသေးပေ။
မတ်လ ၂၀၂၀ခုနှစ်တွင် မြန်မာ ရွိုင်ရယ် အပိုလို အထည်ချုပ် စက်ရုံသည် စက်ရုံပိတ်သိမ်းရာတွင် အလုပ်သမား ၅၀၀ ယောက်အား အလုပ်ဖြုတ်ခဲ့သည်။ ဧပြီလ ၂၀၂၁ခုနှစ်အရ ထိုအလုပ်သမား များသည် ဥပဒေပါအရ ရပိုင်ခွင့်ရှိသည့် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၇၄၀၀၀ ကို စောင့်ဆိုင်း နေဆဲ ဖြစ်သည်။
မြန်မာ ရွိုင်ရယ် အပိုလို အထည်ချုပ် စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ ရန်ကုန်၊ မြန်မာတွင် တည်ရှိခဲ့သိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဖြစ်သည်။ အလုပ်သမားများ၏ ပြောပြချက်အရ Inditex၊ Bestseller နှင့် Kiabi တို့ကို ချုပ်ရပြီး တရုတ်ကုမ္ပဏီ Guotai Guohua Shiye က ပိုင်ဆိုင်သည့် Guotai Guohua အထည်ချုပ် (မြန်မာ) ကုမ္ပဏီလီမိတက် ၏ တဆင့်ခံကန်ထရိုက်လည်းဖြစ်သည်။ ထို ကုမ္ပဏီသည် ကုန်ပစ္စည်းစာချုပ်များ၊ အခွန်သက်သာခွင့်နှင့် အကျိုးတူအရင်းအနှီးကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသည်။ WRCတွင်ရှိသည့် ဖိုင်တွဲမှ စာရွက်စာတမ်းများအရ ရွိုင်ရယ် အပိုလိုသည် Bestseller ၏ အခြား ကုန်တင်ပို့သည့် Vent d’Est အထည်ချုပ် ကုမ္ပဏီလီမိတက်၏ တဆင့်ခံ ကန်ထရိုက်လည်းဖြစ်သည်။ Bestseller က ဇန်နဝါရီလ ၂၀၂၁ခုနှစ်တွင် WRCကို ပေးပို့သည့် အီးမေးလ်တွင် မြန်မာ ရွိုင်ရယ် အပိုလိုနှင့် ဆက်ဆံရေးမရှိဟု အခိုင်အမာဆိုထားသည်။
Read More:
Join our newsletter
Sign up to the WRC’s mailing list to stay updated on our work.